Friday, March 30, 2007

မျှဝေခြင်း...


မနေ့က ပါရဂူ ရေးတဲ့ သိတ္ထိဒ္ဓ ကိုဖတ်လိုက်ရတယ်...
ဒီစာအုပ်က အစစ်အမှန်တရားကိုရှာဖွေလိုတဲ့ ဂေါတမဘုရားလက်ထက်တော်က ဗြဟ္မာတစ်ယောက်အကြောင်းကို ရေး ဖွဲ့ထားတာပါ...
ဒီစာအုပ်မှာ..သိတ္ထိဒ္ဓဆိုတဲ့ ဗြဟ္မာလေးတစ်ယောက် လူလောကရဲ့ကြိုးစားမှုတွေကို ကြိုးစားပြီး..ကျင့်ကြံခဲ့တယ်..ဒါပေမယ့် သူရဲ့ စိတ်ထဲမှာ ကျေနပ်ရောင်ရဲ့မှု(သို့)အစစ်အမှန်တရားလို သူမခံစားရဘူးဖြစ်နေတယ်...
အဲဒီအချိန်မှာ..ဂေါတမဗုဒ္ဓနဲ့တွေတော့ သူရဲ့ စိတ်ဟာ..လမ်းစဉ်ကိုလက်ခံတယ်..အကျိုးနဲ့အကြောင်းနဲ့ဖြစ်နေတဲ့ ဂွင်းဆက်ကို ဘုရားဟောတာကို ကျေကျေနပ်နပ်နဲ့ လက်ခံတယ်
ဒါပေမယ့်..နောက်ဆုံးစဉ်းစားလို့မရတဲ့ ...နိဗ္ဗာန်ထည့်ထားတာကို..သူအနေနဲ့လက်ခံလို့မရဘူးဖြစ်နေတယ်..
သူရဲ့ ခံယူချက်က အားလုံးဟာ အကျိုးအကြောင်းနဲ့ သူလက်တွေ့ခံစားနိုင်ရမယ်လို့ထင်ထားတယ်..
သူဆက်လက်ထွက်ခွာလာပြီး...လောကစည်းစိမ်တွေကို ခံစားပြီး သူရဲ့ အတ္တမကို ကျေနပ်အောင်လုပ်တယ် ကုန်ဆုံးအောင်လုပ်တယ်...ဘယ်လို့မှလုပ်လို့မရဘူးဖြစ်နေတယ်...
ပြီးတော့ အဲဒီသံသရာထဲမှာ သူမျောပါသွားမိတယ်...
နောက်ဆုံးရက်ကိုရောက်လာတော့ သံဝေဂ ရစရာတွေ တွေလာပြီး..တောထွက်လာတယ်..ဒါမှာမဟုတ်..ကိုယ်ကိုယ့် ပြီးဆုံးဖို့ထွက်လာခဲ့တယ်..
အဲဒီအချိန်မှာ မြစ်ဆီကအသံကိုကြားနေရတယ်ဆိုတဲ့..စိတ်နဲ့...တနည်းအားဖြင့်ပြောရရင်..
မြစ်ဆီကို ကိုယ်ရဲ့ အတ္တမကိုထားပြီး..အေးချမ်းစွားနေ နေတဲ့ ကူးတို့ပို့သူနဲ့ တွေ့ဆုံစကားပြောဖြစ်ပြီး..နေထိုင်ကြတယ်...ဆွေးနွေးကြတယ်...

ဖတ်ကြည့်စေချင်တယ်...
အတွေးအခေါ်တစ်ခုခုကိုတော့ ခင်ဗျားတို့ကို ပေးလိမ့်မယ်ထင်တယ်...
ကျွန်တော်အမြင်ပြောရရင်...
သူတို့ရဲ့ အတွေးအခေါ်က..အရာဝတ္ထုတစ်ခုခု ဆီကနေသူတို့ကို နည်းလမ်းပြနေတယ်..
လို့ယူဆတဲ့အယူအဆပဲလို့ ထင်မိတယ်...
တနည်းအားဖြင့် သူတို့ရဲ့ အတ္တမတွေထဲက ပြန်လာတဲ့အသံကို နားထောင်မယ်လို့ခံယူထားပုံရတယ်..
မိမိကိုယ်သာကိုးကွယ်ရာလို့ ထင်တဲ့အယူအဆရဲ့ အစွန်းရောက်မှုလို့ထင်မိပါတယ်...
လောကမှာ မသိနိုင်လောက်အောင် နက်ရှိုင်းတဲ့ နေရာတွေရှိပါသေးတယ်...
ဒါအတွက် ပုံသေနည်း ထုတ်ဖို့ဆိုတာ မလွယ်ကူပါဘူး...
ဒါပေမယ့် ဘုရားဟောတရားတော်တွေရှိပါတယ်...
အဲဒါတွေဟာ ..လမ်းပြမီးကြယ်..လိုက်သွားလို့ရတဲ့ မီးပြတိုက်တွေပါ...
ဘုရားမှတပါးကိုးကွယ်ရာမရှိ...
တရားမှတပါးကိုးကွယ်ရာမရှိ...
သံဃာမှတပါးကိုးကွယ်ရာမရှိ...

No comments: