Monday, December 31, 2007

နှစ်သစ်ဝန်ခံချက်...

ငါဒီနှစ် တွေမှာ စိတ်ညစ်စရာတွေ စိတ်အား ငယ်စရာတွေ စိတ်အား တက်စရာတွေအများကြီးနဲ့
အပြောင်း အလဲ အများကြီး ကို ရင်ဆိုင်ခဲ့ ရတယ်...
လူတွေရဲ့ မုန်းတီးမှု ကိုလည်း ခံစားခဲ့ ရတယ်..
လူတွေရဲ့ စွန့်ပစ်မှု ကိုလည်း ခံစားခဲ့ ရတယ်....
လူတွေရဲ့ ချစ်ခင်မှု ကိုလည်း ခံစားခဲ့ ရတယ်...
လူတွေရဲ့ အားကိုးမှု ကိုလည်း ခံစားခဲ့ ရတယ် ....
သိက္ခာကို အကြိမ်ကြိမ် စော်ကား တာကိုလည်း ခံစားခဲ့ ၇တယ်...
လူတွေရဲ့ ကူညီမှု ကိုလည်း ခံစားခဲ့ ရတယ်...
လူတွေရဲ့ သစ္စာမဲ့မှု ၊ သစ္စာရှိမှု တွေ ကိုလည်း ခံစားခဲ့ ရတယ်...

ပျော်ရွှင် ခဲ့ဘူးတယ်...ငိုခဲ့ရဘူး တယ်...စိတ်ညစ်ခဲ့ဘူး တယ်.စိတ်ထဲမှာ ဘာမှ မရှိဘဲ လည်း ဖြစ်သွားခဲ့ဘူး တယ်..

အော်...လူတွေ..လူတွေ.... လူတွေကတော့ လူတွေပါပဲခင်ဗျာ...
လူတွေ ရဲ့ အမြင်တွေ လူတွေရဲ့ ကိုယ်အပေါ်လုပ်ခဲ့တာတွေအားလုံးကို ခံစားနေမယ် ဆိုရင်တော့ ...
ကျွန်တော် ဟာ အရာအားလုံးကို လိုက်ခံစားနေရတာနဲ့ကို အရှုးကြီးတစ်ယောက်ဖြစ်လိမ့်မယ်...

ထိုကြောင့် လူတွေက ဘာတွေဖြစ်နေပစေ....ငါ ဆန္ဒပြုတယ် လူတွေအားလုံး....
နောက်လာမယ့် နှစ်သစ်မှာ ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေလို့ ငါဆုတောင်းချင်ပါတယ်..ခင်ဗျာ...

ပြီးတော့ ဒီနှစ်သစ်နဲ့အတူ ငါသည် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု ၊ စိတ်ညစ်ခြင်း၊ ခံစားရခြင်းမှာ ကင်းလွတ်သော.....နေရာကို .....

လေးစားစွာဖြင့်

Sunday, September 2, 2007

တိုက်ပွဲပျော်....

. တိုက်ပွဲပျော်

ပုခတ်ထဲက.................. အူဝဲဟစ်ကာ
စစ်ကြေငြာပြီး.............. လောကကြီး၏
ခါးသီးတွေ့ကြုံ............အလုံးစုံကို
မဖြုံအဲခဲ.... .........ပွဲဆက်နွှဲရင်း
လူလည်း......တော်တော်ကြီးခဲ့ပေါ့။...

မိုက်လည်းမိုက်လို့.........တိုက်လည်းတိုက်ခဲ့
ရှုံးလိုက်တာလည်း.......အသင်္ချေ။..
ရဲလည်းရဲလို့.....နွှဲလည်းနွှဲခဲ့
အောင်ပွဲတွေလည်း....အနန္တ..။

ဒီလိုပဲပေါ့ ....တိုက်ပွဲဆိုတာ
နာချင်နာမယ်....
တိုက်ပွဲဆိုတာ...
သာချင်သာမယ်....
ဘယ်မှာခန့်မှန်းသိနိုင်မလဲ၊

နာနာသာသာ....ဘာမှမဖြုံ
စိတ်လုံခြုံလျင်..
အတုန်မလန့်ဖျပ်ပါဘူး..
အဟုန်မတန့်ရပါဘူး...

ရှေ့ကဆီး၍ ခရီးလမ်းထဲ
ဆူုးတွေထားမလား..
ရှေ့ကတန့်၍..အဟန့်အတား..
သစ်ပင်လှဲမလား..။

ယောင်္ကျားဟေ့နော်...တိုက်ပွဲပျော်..
ကျွန်တော်တိုင်ရင်း.....တက်မှာဘဲ....။

အီကြာကွေး....

Saturday, August 25, 2007

Gmail တိုက်ရိုက်လုပ်လို့ ရတဲ့ လိပ်စာလေး တစ်ခုတွေလို့ တင်ထားတာပါ...လွယ်ကူပါတယ် [Gmail] ဘယ်သူဆီကရတာလဲဆိုတော့ thantzinaung.blogspot.com ကပါ..ကျွန်တော် နေ့တိုင်း ဒီကိုဖွင့်ပြီး Gmail လုပ်ပေးနေရတာ လွယ်ကူ အောင် ကျွန်တော် Blog မှာ ပြောင်းတင်လိုက်တာပါ...
ကျေးဇူး ကမ္ဘာပါ.. ကိုသန့်ဇင်အောင်...(လေးစားစွာဖြင့်)...

Wednesday, August 15, 2007

ထူးခြားသည် သတင်းများ.

..
ထူးခြားသည် သတင်းများ.. ဒီနေ့ မနက် ဓာက် ဆီဆိုင်သွားတော့ ဗျို့..ဓာက်ဆီဈေးတွေတက်သွားပြီတဲ့ဗျာ.. ထုတ်တဲ့ ဆိုင်တောင်မှ ၂၅၀၀ တဲ့ဗျာ..
ဘယ်လိုလုပ်ကြမလဲ..ကျန်တဲ့ဈေးတွေလည်း လိုက်တတ်ကြတော့မယ်..ထင်တယ်ဗျ...
ဘလောက် ဒေး လုပ်ကြမယ်တဲ့ဗျ..၃၁ ၇က်နေ့တဲ့ မသိသေးတဲ့လူတွေ အသိပေးပါရစေ..
နောက်နေ့ကြရင်တော့.. အင်တာနက် ၇ဖို့လုပ်၇တာတွေ ကို ကိုယ်တွေ့ပြောပြအုန်းမယ်.. ဒီနေ့တော့ ဒီလောက်ပဲ.. လုပ်စ၇ာ ရှိနေသေးလိုပါ..
...

Thursday, August 2, 2007

ကောလဟာလ

.
ဒီနေ့...ည ထူးခြားဖြစ်စဉ် လေးတစ်ခု မန္တလေးမှာ..ငလျင်တစ်ခုလုပ်သွားတယ်ဗျ...
ည ၁၀ ၀န်းကျင်ကနေ ၁၂ နာရီ ခွဲလောက်ထိ နည်းနည်း စီနဲ ဆက်တိုက်ဆိုသလို နှစ်ခါ သုံးခါလောက် ပြင်းပြင်းထန်ထန် လှုပ်သွား တယ်လို့ ပြောကြတယ်ဗျ...
ကျွန်တော်ကတော့ နှစ်ခါလောက်ပဲ သိလိုက်တယ်ဗျာ...

ပြီးတော့ ...မန္တလေး ကျုံး နားမှာ ကွန်ပျုတာကျောင်းသား ( ဗိုလ်) တစ်ယောက် အတွဲနဲ့ချိန်းတွေ့ရင်း..သောပျောက်လို့ရှာ ကျုံးထဲ ကို ၀င်ရှာ တာ ရေနစ်သေသွားတယ်လို့ ကြားတာပါပဲ...

ကောလဟာလ လို့လဲ ပြောလို့ ရတယ်သတင်းလေးတွေပါ..
ဒါပေမယ့် ..တစ်ကယ်အဖြစ်မှန်ကတော့ ဖြစ်ခဲ့ပါသည်။...
ကျွန်တော် အတိအကျ မမြင်လိုက်ရတော့ အတိအကျ မရေးနိုင်တာ ခွင့်လွတ်ပါ...
...

Wednesday, August 1, 2007

return of a ဘလောက်ကာ


မနတ် အိပ်ရာနိုးတော့ စဉ်းစားမိတာတစ်ခုရှိတာနဲ့...
blog စရေးဖို့ဆုံးဖြတ်လိုက်တယ်.. blog မရေးတာကြာတော့ ဒီနေ့စရေးရတာ တစ်မျိုးပဲ..
မနေ့ က blogger စစ်စစ် တစ်ယောက်နဲ့ စကားပြောဖြစ်လိုက်တယ်...
သူက သူရဲ့ Gtalk Desctription မှာ.. blog ရှိတိုင်း blogger တစ်ယောက် မဟုတ်ဘူးတဲ့..
ဒါပေမယ့် blogger တိုင်းမှာတော့ blog ရှိကြတယ်တဲ့..(သူရဲ့ gtalk ထဲမှာ..blogger မဟုတ်ဘဲ..blogger တွေကိုခိုင်းစားပြီး blogger ရောင်ရောင်နဲ့ ရွှေနားကပ်ရောင်နဲ့ ပါးပြောင်နေတဲ့လူတစ်ယောက်ကို တွေ့လို့ ရေးလိုက်တာတဲ့)
အဲဒါနဲ့ ကျွန်တော်လည်း နည်းနည်းလောက် talking ပွားလိုက်တယ်...
ဘလောက် တွေမရေးဖြစ်လည်း ဘလောက်ကာတစ်ယောက်ဖြစ်နိုင်တယ်လို့...
အဓိကကတော့ ဘလောက်ကာ စိတ်ဓာက်ရှိဖို့ပဲလိုအပ်တယ်လို့ထင်မိတယ်။...

ဘလောက်ကာစိတ်ဓာက်ကို ဘယ်လို့ အဓိပ္ပါယ်ဖွင့်ကြမလဲ...
ဘလောက်ကာရဲ့ စိတ်ဓာက်မှာ ဂုဏ်ယူဝင့်ကြွားလိုစိတ်ရှိချင်ရှိလိမ့်မယ်..မရှိချင်မရှိဘူး..
ဒါပေမယ့် အခြားလူတစ်ယောက် သို့မဟုတ် အခြား ဘလောက်ကာတစ်ယောက်ရဲ့ ဂုဏ်ယူဝင့်ကြွားစိတ်၊ ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်ကို ဘယ်တော့ မှမထိခိုက်ရဘူးဆိုတဲ့ ရွှေ စဉ်းမျဉ်း ကို လက်ခံနိုင်ရမယ်..
လွတ်လပ်တဲ့စိတ်ထားတွေ ရှိရမယ်..ဒါပေမယ့် သူတစ်ပါးကိုမထိခိုက်ရဘူး။..
ရဲရင့်တဲ့ အတွေး ရဲရင့်တဲ့ အရေးအသားတွေကို ရေးရဲတဲ့ သတ္တိရှိရမယ်.. ဒါပေမယ့် သူတစ်ပါးကို စိုးရိမ်စိတ် မဖြစ်ပေါ်စေရဘူး....
အိပ်မက်တွေကို မတ်ပါ... ဒါပေမယ့်.. အိပ်မက်ထဲမှာ နစ်မွန်းမသွားအောင်နေပါ...
ဝေဖန်ပါ.. ဒါပေမယ့် လူကို မဝေဖန်ပါနဲ့..စိတ်ဓာက်(သို့) အကြောင်းအရာကို ပဲ ဝေဖန်ပါ...
ဒါပေမယ့် ငါသာအတော်ဆုံးဆိုတဲ့ စကားတွေကို မပြောပါနဲ့...စိတ်ထဲမှာပဲထားနိုင်အောင်ကြိုးစားကြပါ...
စုပေါင်းပါ... (အဲဒီကနေ) ကိုယ်တစ်ဦးတစ်ယောက်အတွတ် အကျိုးအမြတ်မထုတ်ပါနဲ့
ပြီးတော့ blogger community ဆိုတာ တစ်နိုင်ငံတည်း၊ တစ်မြို့တည်းကို ဆိုလိုတာ မဟုတ်ပါဘူး...အင်တာနက်သုံးတဲ့သူ၊ ဘလောက်လုပ်နိုင်တဲ့ လူတိုင်းနဲ့ဆိုင်တာပါ...
ပြီးတော့ Netizen အမြင်တွေ ထားစေချင်ပါတယ်...

ဒီအပြင် အခြားအကြောင်းတွေလည်းရှိအုန်းမှာပါ...ကိုချမ်းမြစိုး ဘလောက်မှာလည်းဝင်ကြည့်လိုရနိုင်ပါတယ်..

ဤအမြင်သည် ကျွန်တော်တစ်ဦးတစ်ယောက်ထဲ၏ အမြင်တွေဖြစ်ပါတယ်..
မှန်ချင်မှန်နိုင်သလို..မှားချင်လည်းမှားသွားနိုင်သည်...
သို့သော် ဤ အမြင်နှင့်ပတ်သက်လို့ ဝေဖန်အကြံဥာဏ်ပေးနိုင်သည်။..

return of a ဘလောက်ကာ
Linker+

Sunday, April 8, 2007

နှုတ်ဆက်ခြင်း ...မန္တလေး

ကျွန်တော် ရဲ့ ဒီနေရာကနေ အားလုံး သင်္ကြန်အကြိုနှုတ်ဆက်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ရဲ့ ဇာတိရပ်ရွာ ကို့ သင်္ကြန်အတွင်း ပြန်မှာ မိုလို့ပါ..
ကျွန်တော် နေရာကို သင်္ကြန်ပြန်လာ ရင် နှစ်သစ်စိတ်ကူးနဲ့ အကောင်းဆုံး လုပ်ဆောင်ပါမယ်..
ကူညီခဲ့ကြတဲ့ ကို CMS တို့ ကို မောင်လှ တို့ ပညာ တွေရတဲ့အတွက် အား လုံး နှစ်သစ်ကို ကြိုဆိုရင်း.. မင်္ဂလာအပေါင်းနဲ့ ပြည်စုံပါစေလို့ ဆုတောင်းလျှက် ...
အားလုံးကို နှုတ်ဆက်ပါတယ်..မန္တလေး မြို့လေးကိုပေါ့... အားလုံးဘားလုံး
Blogger တွေအားလုံး ကောင်းမွန်သော လုပ်ဆောင်ချက်တွေလုပ်ဆောင်နိုင်ကြပါစေ...
စကားမစပ် ကို CMS ရဲ့ သီချင်းဖွင့်တဲ့ ဟာ လေးကို သင်္ကြန် အတွက် လုပ်ပေးထားတယ်.. ကြည့်လိုက်ပါအုန်း....

Thursday, April 5, 2007

ရှေးဟောင်းအမွေအနှစ်တွေ


ရောက်ခဲ့တဲ့ ...ဆင်းကျုံးခံတပ်...

တွေခဲ့ရတဲ့ အမြောက်တွေ....မြန်မာတို့ရဲ့ ..ရှေ့ရေးကိုကြိုမြင်တဲ့..မြန်မာတို့ရဲ့ စွမ်းရည်..
(ရောင်ရောင်နဲ့..ဟိုကြည့်ဒီကြည့်လုပ်နေတာ..မန္တလေးသားလေးပါ..)

အဝေးကမြင်ရတဲ့..အမြှောက်နှစ်လက်...

အဲဒီကနေပြန်လာတော့ ကမ္ဘာဖလားဘောလုံးပွဲနဲ့တွေနေရတယ်...ကျောင်းသားလေးတွေနဲ့..အတူ ကမ္ဘာလှည့်ခရီးသည်တွေကစား နေတဲ့ ပုံလေ...သူတို့ရဲ့ သဘာဝကို ချစ်မြတ်နိုးတဲ့..အကျင့်ကိုလည်းနားလည်ရနိုင်တယ်..)

ပြန်ခဲ့တယ်..နောက်ပိုင်းမှာ.ရှေးဟောင်းနေရာတွေလည်းရောက်ခဲ့သေးတယ်..

Wednesday, April 4, 2007

.အင်းဝကိုအလည်တစ်ခေါက်


အင်းဝမြို့ဟောင်းလေးကို မန္တလေးသားလေးရဲ့ အကူအညီနဲ့ရောက်ခဲ့ပါတယ်..


အင်းဝမျှော်စင်နဲ့..အင်းဝမြို့ဟောင်းထဲက ဘုရားလေးပါ...


စိတ်ဝင်စားစရာကောင်းတဲ့..အင်းဝမျှော်စင်(ဗဟိုစည်)ရှေ့က ရှေ့ဟောင်းသုတေသနပြတိုက်ပါ..

တော်တော် ...တော်ခဲ့ကြတဲ့ တို့မြန်မာတွေလို့ခံစားလို့ရစေတဲ့ ရှေဟောင်းအမွေအနှစ်တွေကို...လွယ်လွယ်ကူကူချရောင်းနေတာတွေ့တော့...စိတ်ထဲမှာတစ်မျိုးပဲ.. (အင်းဝရှေ့ကရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေးတွေ)


ဗဟိုစင်ပေါ်ကမြင်ကွင်းနဲ့...ဗဟိုစည်ထားတဲ့နေရာလို့ထင်တာပဲ...

မဟာအောင်မြေဘုံစံကျောင်းရဲ့မြင်းကွင်းတွေကိုလည်းရောက်ခဲ့သေးတယ်...

သူရဲ့ အလှ..မြန်မာတို့ရဲ့ ဂုဏ်..မြန်မာတို့ရဲ့ အနုပညာ...မြန်မာတို့ရဲ့တန်ဖိုး...

နောက် post ကြရင်ထက်တင်ဖြစ်အုန်းမယ်..ထင်တယ်...

Friday, March 30, 2007

မန္တလေးကတွေခဲ့သမျှ....

မန္တလေးရောက်တာကြာပြီဗျာ...ဒါပေမယ့်..ဘယ်မှကို ကောင်းကောင်းမသွားဖြစ်ဘူး...
အားတဲ့နေ့ကို မရှိပါဘူး...စိတ်တွေလည်းညစ်နေရတယ်...
ကံကောင်းတဲ့နေကလည်းဖြစ်လာပါတယ်...ဒီနေ့သူငယ်ချင်းတစ်ယောက်က လျှောက်လည်ဖို့ ၊(blog)လုပ်ဖို့ ဓာက်ပုံသွားရိုက်ကြမယ်တဲ့...ပျော်လိုက်တာဗျာ..စိတ်ညစ်တာတွေအဝေးသို့လွှင့်...
ပထမဆုံးသွားဖြစ်တာက ရွှေကြက်ကျဘုရား...
သူငယ်ချင်းကပြောတယ်..ဘုရားအလောင်းကြက်ဖြစ်စဉ်က ဒီနေရာမှာအစာရှာခဲ့လို့ ဒီဘုရားကို ရွှေကြက်ကျဘုရားလို့ ...ခေါ်တာတဲ့...

.အ၀င်ကပုံလေးတွေ တက်ရတဲ့လှေကားတွေ...

ဘုရားပုံတော်...ပါ.....နေရောင်လေးနဲ့ ဘေးကနေရိုက်ထားတာ..မသပ္ပါယ်ဘူးလား....

ဘုရားပေါ်မှ ရိုက်ထားတဲ့ပုံလေးတွေလေ...ဖွင့်လှစ်မဲ့ တံတားကြီးနဲ့... ဟိုတုန်းကတံတားလေး...(စစ်ကိုင်းတံတား)

ဟိုဘက်ကမ်းက စစ်ကိုင်းတောင် ဘုရားတွေအများကြီးသပ္ပါယ်စရာပဲဗျာ...
ပြီးတော့ မြစ်ကမ်းနားက လူနေမှုဘ၀တွေ....

သူငယ်ချင်းရဲ့ မှန်ကြည့်ချင်တယ်ဆိုလို့ ကြည့်ခဲ့တဲ့ စာလေး...(လှပါတယ်...)
ပြီးတော့ ရေတက်တုန်းက ရွှေကြက်ကျဘုရား အမလေး...တော်တော်လေးကိုနစ်ပါလား...

အောက်ရောက်တော့ ..ရိုက်ခဲ့တဲ့ နေ၀င်ချိန် တိမ်လေးတွေကို ဖိပြီးဝင်သွားသလို ဖြစ်နေတဲ့ နေ....
အဲဒီပုံကို ရဖို့အမြန်မောင်းပို့ခဲ့သော မန္တလေးသားလေး (ကိုစိုင်း) ကို ကျေးဇူးတင်လျှက်

ဒီပုံတွေကတော့ ပန်းခြံထဲမှာမွေးထားတဲ့ အကောင်တွေလိုထင်ရင်မှားလိမ့်မယ်..သေသေချာချာ ကြည့် အဲဒါတွေမန္တလေးမှာရှိတယ်....

ဒီပုံလေးတွေကို ရဖို့ ကူညီခဲ့တဲ့ မန္တလေးသားလေး၊လိုက်ပို့တဲ့ကျေးဇူး..၊သုံးခွင့်ပေးတဲ့ ကင်မရာကြီးကိုကျေးဇူးတင်လျှက်...

မျှဝေခြင်း...


မနေ့က ပါရဂူ ရေးတဲ့ သိတ္ထိဒ္ဓ ကိုဖတ်လိုက်ရတယ်...
ဒီစာအုပ်က အစစ်အမှန်တရားကိုရှာဖွေလိုတဲ့ ဂေါတမဘုရားလက်ထက်တော်က ဗြဟ္မာတစ်ယောက်အကြောင်းကို ရေး ဖွဲ့ထားတာပါ...
ဒီစာအုပ်မှာ..သိတ္ထိဒ္ဓဆိုတဲ့ ဗြဟ္မာလေးတစ်ယောက် လူလောကရဲ့ကြိုးစားမှုတွေကို ကြိုးစားပြီး..ကျင့်ကြံခဲ့တယ်..ဒါပေမယ့် သူရဲ့ စိတ်ထဲမှာ ကျေနပ်ရောင်ရဲ့မှု(သို့)အစစ်အမှန်တရားလို သူမခံစားရဘူးဖြစ်နေတယ်...
အဲဒီအချိန်မှာ..ဂေါတမဗုဒ္ဓနဲ့တွေတော့ သူရဲ့ စိတ်ဟာ..လမ်းစဉ်ကိုလက်ခံတယ်..အကျိုးနဲ့အကြောင်းနဲ့ဖြစ်နေတဲ့ ဂွင်းဆက်ကို ဘုရားဟောတာကို ကျေကျေနပ်နပ်နဲ့ လက်ခံတယ်
ဒါပေမယ့်..နောက်ဆုံးစဉ်းစားလို့မရတဲ့ ...နိဗ္ဗာန်ထည့်ထားတာကို..သူအနေနဲ့လက်ခံလို့မရဘူးဖြစ်နေတယ်..
သူရဲ့ ခံယူချက်က အားလုံးဟာ အကျိုးအကြောင်းနဲ့ သူလက်တွေ့ခံစားနိုင်ရမယ်လို့ထင်ထားတယ်..
သူဆက်လက်ထွက်ခွာလာပြီး...လောကစည်းစိမ်တွေကို ခံစားပြီး သူရဲ့ အတ္တမကို ကျေနပ်အောင်လုပ်တယ် ကုန်ဆုံးအောင်လုပ်တယ်...ဘယ်လို့မှလုပ်လို့မရဘူးဖြစ်နေတယ်...
ပြီးတော့ အဲဒီသံသရာထဲမှာ သူမျောပါသွားမိတယ်...
နောက်ဆုံးရက်ကိုရောက်လာတော့ သံဝေဂ ရစရာတွေ တွေလာပြီး..တောထွက်လာတယ်..ဒါမှာမဟုတ်..ကိုယ်ကိုယ့် ပြီးဆုံးဖို့ထွက်လာခဲ့တယ်..
အဲဒီအချိန်မှာ မြစ်ဆီကအသံကိုကြားနေရတယ်ဆိုတဲ့..စိတ်နဲ့...တနည်းအားဖြင့်ပြောရရင်..
မြစ်ဆီကို ကိုယ်ရဲ့ အတ္တမကိုထားပြီး..အေးချမ်းစွားနေ နေတဲ့ ကူးတို့ပို့သူနဲ့ တွေ့ဆုံစကားပြောဖြစ်ပြီး..နေထိုင်ကြတယ်...ဆွေးနွေးကြတယ်...

ဖတ်ကြည့်စေချင်တယ်...
အတွေးအခေါ်တစ်ခုခုကိုတော့ ခင်ဗျားတို့ကို ပေးလိမ့်မယ်ထင်တယ်...
ကျွန်တော်အမြင်ပြောရရင်...
သူတို့ရဲ့ အတွေးအခေါ်က..အရာဝတ္ထုတစ်ခုခု ဆီကနေသူတို့ကို နည်းလမ်းပြနေတယ်..
လို့ယူဆတဲ့အယူအဆပဲလို့ ထင်မိတယ်...
တနည်းအားဖြင့် သူတို့ရဲ့ အတ္တမတွေထဲက ပြန်လာတဲ့အသံကို နားထောင်မယ်လို့ခံယူထားပုံရတယ်..
မိမိကိုယ်သာကိုးကွယ်ရာလို့ ထင်တဲ့အယူအဆရဲ့ အစွန်းရောက်မှုလို့ထင်မိပါတယ်...
လောကမှာ မသိနိုင်လောက်အောင် နက်ရှိုင်းတဲ့ နေရာတွေရှိပါသေးတယ်...
ဒါအတွက် ပုံသေနည်း ထုတ်ဖို့ဆိုတာ မလွယ်ကူပါဘူး...
ဒါပေမယ့် ဘုရားဟောတရားတော်တွေရှိပါတယ်...
အဲဒါတွေဟာ ..လမ်းပြမီးကြယ်..လိုက်သွားလို့ရတဲ့ မီးပြတိုက်တွေပါ...
ဘုရားမှတပါးကိုးကွယ်ရာမရှိ...
တရားမှတပါးကိုးကွယ်ရာမရှိ...
သံဃာမှတပါးကိုးကွယ်ရာမရှိ...

Wednesday, March 21, 2007

စိတ်ညစ်စရာလေးတွေ...


အနူမြူဗုံးတစ်ခုရဲ့ အကျိုးတွေပေါ့ဗျဒီပေါက်ကွဲမှုတစ်ခုဟာ



ရပ်တန်သွားရတဲ့ နာရီလေးတစ်လုံး






















ဒီလို..ဒီလိုကြေကွဲစရာတွေ မတွေ့ချင်ဘူးဗျာ...
အိမ်မက်တောင်မမတ်ချင်ဘူး.... ဒီလိုဖြစ်ရအောင်မသိလိုလုပ်ခဲ့ကြတာလား..
ဘာကြောင့်လဲ...ဘာကြောင့်လဲ...
စိတ်ညစ်စရာတွေ ကစွပ်စွဲခံရတာတွေကိုတွေ့နေရတော့ခံစားရလို့တင်လိုက်တာပါ..
သိပ်မတင်ချင်ဘူးဗျာ...

Thursday, March 15, 2007

ရယ်စရာလေးတွေ





ကိုယ်မှာရှိတဲ့ဟာတွေကို ပြုပြင်ပြီး သူများကို လိုက်တုရင်...ရယ်စရာလေးတွေဖြစ်တက်တယ်....