Sunday, April 8, 2007

နှုတ်ဆက်ခြင်း ...မန္တလေး

ကျွန်တော် ရဲ့ ဒီနေရာကနေ အားလုံး သင်္ကြန်အကြိုနှုတ်ဆက်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ရဲ့ ဇာတိရပ်ရွာ ကို့ သင်္ကြန်အတွင်း ပြန်မှာ မိုလို့ပါ..
ကျွန်တော် နေရာကို သင်္ကြန်ပြန်လာ ရင် နှစ်သစ်စိတ်ကူးနဲ့ အကောင်းဆုံး လုပ်ဆောင်ပါမယ်..
ကူညီခဲ့ကြတဲ့ ကို CMS တို့ ကို မောင်လှ တို့ ပညာ တွေရတဲ့အတွက် အား လုံး နှစ်သစ်ကို ကြိုဆိုရင်း.. မင်္ဂလာအပေါင်းနဲ့ ပြည်စုံပါစေလို့ ဆုတောင်းလျှက် ...
အားလုံးကို နှုတ်ဆက်ပါတယ်..မန္တလေး မြို့လေးကိုပေါ့... အားလုံးဘားလုံး
Blogger တွေအားလုံး ကောင်းမွန်သော လုပ်ဆောင်ချက်တွေလုပ်ဆောင်နိုင်ကြပါစေ...
စကားမစပ် ကို CMS ရဲ့ သီချင်းဖွင့်တဲ့ ဟာ လေးကို သင်္ကြန် အတွက် လုပ်ပေးထားတယ်.. ကြည့်လိုက်ပါအုန်း....

Thursday, April 5, 2007

ရှေးဟောင်းအမွေအနှစ်တွေ


ရောက်ခဲ့တဲ့ ...ဆင်းကျုံးခံတပ်...

တွေခဲ့ရတဲ့ အမြောက်တွေ....မြန်မာတို့ရဲ့ ..ရှေ့ရေးကိုကြိုမြင်တဲ့..မြန်မာတို့ရဲ့ စွမ်းရည်..
(ရောင်ရောင်နဲ့..ဟိုကြည့်ဒီကြည့်လုပ်နေတာ..မန္တလေးသားလေးပါ..)

အဝေးကမြင်ရတဲ့..အမြှောက်နှစ်လက်...

အဲဒီကနေပြန်လာတော့ ကမ္ဘာဖလားဘောလုံးပွဲနဲ့တွေနေရတယ်...ကျောင်းသားလေးတွေနဲ့..အတူ ကမ္ဘာလှည့်ခရီးသည်တွေကစား နေတဲ့ ပုံလေ...သူတို့ရဲ့ သဘာဝကို ချစ်မြတ်နိုးတဲ့..အကျင့်ကိုလည်းနားလည်ရနိုင်တယ်..)

ပြန်ခဲ့တယ်..နောက်ပိုင်းမှာ.ရှေးဟောင်းနေရာတွေလည်းရောက်ခဲ့သေးတယ်..

Wednesday, April 4, 2007

.အင်းဝကိုအလည်တစ်ခေါက်


အင်းဝမြို့ဟောင်းလေးကို မန္တလေးသားလေးရဲ့ အကူအညီနဲ့ရောက်ခဲ့ပါတယ်..


အင်းဝမျှော်စင်နဲ့..အင်းဝမြို့ဟောင်းထဲက ဘုရားလေးပါ...


စိတ်ဝင်စားစရာကောင်းတဲ့..အင်းဝမျှော်စင်(ဗဟိုစည်)ရှေ့က ရှေ့ဟောင်းသုတေသနပြတိုက်ပါ..

တော်တော် ...တော်ခဲ့ကြတဲ့ တို့မြန်မာတွေလို့ခံစားလို့ရစေတဲ့ ရှေဟောင်းအမွေအနှစ်တွေကို...လွယ်လွယ်ကူကူချရောင်းနေတာတွေ့တော့...စိတ်ထဲမှာတစ်မျိုးပဲ.. (အင်းဝရှေ့ကရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေးတွေ)


ဗဟိုစင်ပေါ်ကမြင်ကွင်းနဲ့...ဗဟိုစည်ထားတဲ့နေရာလို့ထင်တာပဲ...

မဟာအောင်မြေဘုံစံကျောင်းရဲ့မြင်းကွင်းတွေကိုလည်းရောက်ခဲ့သေးတယ်...

သူရဲ့ အလှ..မြန်မာတို့ရဲ့ ဂုဏ်..မြန်မာတို့ရဲ့ အနုပညာ...မြန်မာတို့ရဲ့တန်ဖိုး...

နောက် post ကြရင်ထက်တင်ဖြစ်အုန်းမယ်..ထင်တယ်...

Friday, March 30, 2007

မန္တလေးကတွေခဲ့သမျှ....

မန္တလေးရောက်တာကြာပြီဗျာ...ဒါပေမယ့်..ဘယ်မှကို ကောင်းကောင်းမသွားဖြစ်ဘူး...
အားတဲ့နေ့ကို မရှိပါဘူး...စိတ်တွေလည်းညစ်နေရတယ်...
ကံကောင်းတဲ့နေကလည်းဖြစ်လာပါတယ်...ဒီနေ့သူငယ်ချင်းတစ်ယောက်က လျှောက်လည်ဖို့ ၊(blog)လုပ်ဖို့ ဓာက်ပုံသွားရိုက်ကြမယ်တဲ့...ပျော်လိုက်တာဗျာ..စိတ်ညစ်တာတွေအဝေးသို့လွှင့်...
ပထမဆုံးသွားဖြစ်တာက ရွှေကြက်ကျဘုရား...
သူငယ်ချင်းကပြောတယ်..ဘုရားအလောင်းကြက်ဖြစ်စဉ်က ဒီနေရာမှာအစာရှာခဲ့လို့ ဒီဘုရားကို ရွှေကြက်ကျဘုရားလို့ ...ခေါ်တာတဲ့...

.အ၀င်ကပုံလေးတွေ တက်ရတဲ့လှေကားတွေ...

ဘုရားပုံတော်...ပါ.....နေရောင်လေးနဲ့ ဘေးကနေရိုက်ထားတာ..မသပ္ပါယ်ဘူးလား....

ဘုရားပေါ်မှ ရိုက်ထားတဲ့ပုံလေးတွေလေ...ဖွင့်လှစ်မဲ့ တံတားကြီးနဲ့... ဟိုတုန်းကတံတားလေး...(စစ်ကိုင်းတံတား)

ဟိုဘက်ကမ်းက စစ်ကိုင်းတောင် ဘုရားတွေအများကြီးသပ္ပါယ်စရာပဲဗျာ...
ပြီးတော့ မြစ်ကမ်းနားက လူနေမှုဘ၀တွေ....

သူငယ်ချင်းရဲ့ မှန်ကြည့်ချင်တယ်ဆိုလို့ ကြည့်ခဲ့တဲ့ စာလေး...(လှပါတယ်...)
ပြီးတော့ ရေတက်တုန်းက ရွှေကြက်ကျဘုရား အမလေး...တော်တော်လေးကိုနစ်ပါလား...

အောက်ရောက်တော့ ..ရိုက်ခဲ့တဲ့ နေ၀င်ချိန် တိမ်လေးတွေကို ဖိပြီးဝင်သွားသလို ဖြစ်နေတဲ့ နေ....
အဲဒီပုံကို ရဖို့အမြန်မောင်းပို့ခဲ့သော မန္တလေးသားလေး (ကိုစိုင်း) ကို ကျေးဇူးတင်လျှက်

ဒီပုံတွေကတော့ ပန်းခြံထဲမှာမွေးထားတဲ့ အကောင်တွေလိုထင်ရင်မှားလိမ့်မယ်..သေသေချာချာ ကြည့် အဲဒါတွေမန္တလေးမှာရှိတယ်....

ဒီပုံလေးတွေကို ရဖို့ ကူညီခဲ့တဲ့ မန္တလေးသားလေး၊လိုက်ပို့တဲ့ကျေးဇူး..၊သုံးခွင့်ပေးတဲ့ ကင်မရာကြီးကိုကျေးဇူးတင်လျှက်...

မျှဝေခြင်း...


မနေ့က ပါရဂူ ရေးတဲ့ သိတ္ထိဒ္ဓ ကိုဖတ်လိုက်ရတယ်...
ဒီစာအုပ်က အစစ်အမှန်တရားကိုရှာဖွေလိုတဲ့ ဂေါတမဘုရားလက်ထက်တော်က ဗြဟ္မာတစ်ယောက်အကြောင်းကို ရေး ဖွဲ့ထားတာပါ...
ဒီစာအုပ်မှာ..သိတ္ထိဒ္ဓဆိုတဲ့ ဗြဟ္မာလေးတစ်ယောက် လူလောကရဲ့ကြိုးစားမှုတွေကို ကြိုးစားပြီး..ကျင့်ကြံခဲ့တယ်..ဒါပေမယ့် သူရဲ့ စိတ်ထဲမှာ ကျေနပ်ရောင်ရဲ့မှု(သို့)အစစ်အမှန်တရားလို သူမခံစားရဘူးဖြစ်နေတယ်...
အဲဒီအချိန်မှာ..ဂေါတမဗုဒ္ဓနဲ့တွေတော့ သူရဲ့ စိတ်ဟာ..လမ်းစဉ်ကိုလက်ခံတယ်..အကျိုးနဲ့အကြောင်းနဲ့ဖြစ်နေတဲ့ ဂွင်းဆက်ကို ဘုရားဟောတာကို ကျေကျေနပ်နပ်နဲ့ လက်ခံတယ်
ဒါပေမယ့်..နောက်ဆုံးစဉ်းစားလို့မရတဲ့ ...နိဗ္ဗာန်ထည့်ထားတာကို..သူအနေနဲ့လက်ခံလို့မရဘူးဖြစ်နေတယ်..
သူရဲ့ ခံယူချက်က အားလုံးဟာ အကျိုးအကြောင်းနဲ့ သူလက်တွေ့ခံစားနိုင်ရမယ်လို့ထင်ထားတယ်..
သူဆက်လက်ထွက်ခွာလာပြီး...လောကစည်းစိမ်တွေကို ခံစားပြီး သူရဲ့ အတ္တမကို ကျေနပ်အောင်လုပ်တယ် ကုန်ဆုံးအောင်လုပ်တယ်...ဘယ်လို့မှလုပ်လို့မရဘူးဖြစ်နေတယ်...
ပြီးတော့ အဲဒီသံသရာထဲမှာ သူမျောပါသွားမိတယ်...
နောက်ဆုံးရက်ကိုရောက်လာတော့ သံဝေဂ ရစရာတွေ တွေလာပြီး..တောထွက်လာတယ်..ဒါမှာမဟုတ်..ကိုယ်ကိုယ့် ပြီးဆုံးဖို့ထွက်လာခဲ့တယ်..
အဲဒီအချိန်မှာ မြစ်ဆီကအသံကိုကြားနေရတယ်ဆိုတဲ့..စိတ်နဲ့...တနည်းအားဖြင့်ပြောရရင်..
မြစ်ဆီကို ကိုယ်ရဲ့ အတ္တမကိုထားပြီး..အေးချမ်းစွားနေ နေတဲ့ ကူးတို့ပို့သူနဲ့ တွေ့ဆုံစကားပြောဖြစ်ပြီး..နေထိုင်ကြတယ်...ဆွေးနွေးကြတယ်...

ဖတ်ကြည့်စေချင်တယ်...
အတွေးအခေါ်တစ်ခုခုကိုတော့ ခင်ဗျားတို့ကို ပေးလိမ့်မယ်ထင်တယ်...
ကျွန်တော်အမြင်ပြောရရင်...
သူတို့ရဲ့ အတွေးအခေါ်က..အရာဝတ္ထုတစ်ခုခု ဆီကနေသူတို့ကို နည်းလမ်းပြနေတယ်..
လို့ယူဆတဲ့အယူအဆပဲလို့ ထင်မိတယ်...
တနည်းအားဖြင့် သူတို့ရဲ့ အတ္တမတွေထဲက ပြန်လာတဲ့အသံကို နားထောင်မယ်လို့ခံယူထားပုံရတယ်..
မိမိကိုယ်သာကိုးကွယ်ရာလို့ ထင်တဲ့အယူအဆရဲ့ အစွန်းရောက်မှုလို့ထင်မိပါတယ်...
လောကမှာ မသိနိုင်လောက်အောင် နက်ရှိုင်းတဲ့ နေရာတွေရှိပါသေးတယ်...
ဒါအတွက် ပုံသေနည်း ထုတ်ဖို့ဆိုတာ မလွယ်ကူပါဘူး...
ဒါပေမယ့် ဘုရားဟောတရားတော်တွေရှိပါတယ်...
အဲဒါတွေဟာ ..လမ်းပြမီးကြယ်..လိုက်သွားလို့ရတဲ့ မီးပြတိုက်တွေပါ...
ဘုရားမှတပါးကိုးကွယ်ရာမရှိ...
တရားမှတပါးကိုးကွယ်ရာမရှိ...
သံဃာမှတပါးကိုးကွယ်ရာမရှိ...

Wednesday, March 21, 2007

စိတ်ညစ်စရာလေးတွေ...


အနူမြူဗုံးတစ်ခုရဲ့ အကျိုးတွေပေါ့ဗျဒီပေါက်ကွဲမှုတစ်ခုဟာ



ရပ်တန်သွားရတဲ့ နာရီလေးတစ်လုံး






















ဒီလို..ဒီလိုကြေကွဲစရာတွေ မတွေ့ချင်ဘူးဗျာ...
အိမ်မက်တောင်မမတ်ချင်ဘူး.... ဒီလိုဖြစ်ရအောင်မသိလိုလုပ်ခဲ့ကြတာလား..
ဘာကြောင့်လဲ...ဘာကြောင့်လဲ...
စိတ်ညစ်စရာတွေ ကစွပ်စွဲခံရတာတွေကိုတွေ့နေရတော့ခံစားရလို့တင်လိုက်တာပါ..
သိပ်မတင်ချင်ဘူးဗျာ...

Thursday, March 15, 2007

ရယ်စရာလေးတွေ





ကိုယ်မှာရှိတဲ့ဟာတွေကို ပြုပြင်ပြီး သူများကို လိုက်တုရင်...ရယ်စရာလေးတွေဖြစ်တက်တယ်....